(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲ အခမ်းအနားကို အမှတ် (၃)
စက်မှုသင်တန်းကျောင်း (သာဂရ) ၊ Auditorium ခန်းမတွင် ည (၇း၃၀) နာရီမှ စတင်၍ ၀န်ထမ်းများနှင့် ၀န်ထမ်းမိသားစုများအားလုံး စုံညီစွာ တက်ရောက် ဆင်နွှဲကြပါသည် ။
.
Saturday, January 10, 2015
အားကစားပြိုင်ပွဲ ပိတ်ပွဲ
အမှတ် (၃)
စက်မှုသင်တန်းကျောင်း (သာဂရ) ၊ ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ် ၊ သင်တန်းသား/သူ များ၏ အားကစားပြိုင်ပွဲ
ပိတ်ပွဲ အခမ်းအနားများကို (၄.၁.၂၀၁၅) ရက်နေ့ ညနေ (၅) နာရီတွင် ကျင်းပပြု လုပ်ခဲ့ပါသည် ။
(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွင်ပွဲကျင်းပ
အမှတ် (၃)
စက်မှုသင်တန်းကျောင်း (သာဂရ) ၊ ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ် ၊ သင်တန်းသား/သူ များနှင့် ၀န်ထမ်းသား/သမီးများအတွက်
(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်
ပျော်ပွဲ ရွှင်ပွဲ များကို (၄.၁.၂၀၁၅)
ရက်နေ့ နံနက် (၅) နာရီမှစ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည် ။
Friday, January 9, 2015
တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနား ကျင်းပ
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၃) ရက် စနေနေ့တွင် ကျင်းပပြုလုပ်သည့် အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ) ၊ သင်တန်းအမှတ်စဉ် (၁) မှ (၆) အထိ တက်ရောက်ပညာသင်ကြားခဲ့သော
သင်တန်းသား/သူ များ၏ တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနား အစီအစဉ်များကို
အောက်ဖော်ပြပါအတိုင်း ကျင်းပပြုလုပ်သွားပြီး သင်တန်းအမှတ်စဉ် (၆) ခုမှ
သင်တန်းသား/သူ စုစုပေါင်း (၂၄၉) ဦးကျော် တက်ရောက် ကြပါသည် ။
အစီအစဉ်
(၁) အရ အခမ်းအနား
ဖွင့်လှစ်ကြောင်းကြေငြာခြင်း ။
အစီအစဉ်
(၂) အရ ကျောင်းအုပ်ကြီးမှ
အမှာစကားပြောကြားခြင်း ။
အစီအစဉ်
(၃) အရ ဆရာ/ဆရာမများအား
ကန်တော့ခြင်း ။
အစီအစဉ်
(၄) အရ ဆရာ/ဆရာမများအား
ကန်တော့ လက်ဆောင်ပစ္စည် ပေးအပ်ခြင်း ။
အစီအစဉ် (၅) အရ ဆရာ/ဆရာမများ၏
ကိုယ်စား ဆရာ/ဆရာမတစ်ဦးမှ သြ၀ါဒစကား
ပြောကြားခြင်း ။
အစီအစဉ်
(၆) အရ သင်တန်းအမှတ်စဉ်အလိုက်
သင်တန်းသား/သူများ၏ ကိုယ်စား
သင်တန်းသားကိုယ်စားလှယ်တစ်ဦးစီမှ နှုတ်ခွန်းဆက်စကား
ပြောကြားခြင်း
။
အစီအစဉ်
(၇) အရ သင်တန်းအမှတ်စဉ်အလိုက်
စုပေါင်း ဓါတ်ပုံ ရိုက်ကူးခြင်း ။
အစီအစဉ်
(၈) အရ နေ့လယ်စာဖြင့်
ကျွေးမွေးဧည့်ခံခြင်းနှင့် တတိယအကြိမ် မြောက်
အာစရိယပူဇော်ပွဲ အခမ်းအနား ပထမပိုင်း
အစီအစဉ် ပြီးဆုံးခြင်း ။
အစီအစဉ်
(၉) အရ အခမ်းအနား
ဒုတိယပိုင်းအစီအစဉ် ဆက်လက်ကျင်းပခြင်း ။
အစီအစဉ်
(၁၀) အရ သင်တန်းအမှတ်စဉ်
(၆) သင်တန်းသား/သူများမှ သင်တန်းအလိုက်
တေးသီခြင်း (၁) ပုဒ်စီဖြင့် ဧည့်ခံ ဖျော်ဖြေခြင်း
။
အစီအစဉ်
(၁၁) အရ အမှတ်
(၃) စက်မှုသင်တန်းကျောင်း (သာဂရ) တတိယအကြိမ်မြောက်
အာစရိယ ပူဇော်ပွဲ အခမ်းအနား ကျင်းပခြင်းနှင့် ပတ်သက်၍ ငွေစာရင်း
ရှင်းတမ်း
ဖတ်ကြား တင်ပြခြင်း ။
အစီအစဉ်
(၁၂) အရ အမှတ်
(၃) စက်မှုသင်တန်းကျောင်း (သာဂရ)၏ စတုတ္ထကြိမ် မြောက်
အာစရိယပူဇော်ပွဲ အခမ်းအနားဖြစ်မြောက်ရေး
ဦးဆောင်ကော်တီဝင်များ
ဖွဲ့စည်းခြင်း ၊ အမည်စာရင်းများ ဖတ်ကြားခြင်းနှင့် အခမ်းအနားပြုလုပ်မည့်
အချိန်အား ကြေငြာခြင်း ။
အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား
အမှတ် (၃)
စက်မှုသင်တန်းကျောင်း (သာဂရ) ၊ ၂၀၁၄-၂၀၁၅ ပညာ သင်နှစ် ၊ သင်တန်း အမှတ်စဉ် (၆) သင်တန်းသား/သူများ၏
(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက် ၊ တနင်္လာနေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည် ။
Monday, October 20, 2014
သင်တန်းအမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
စက်မှုဝန်ကြီးဌာန
၊ စက်မှုညွှန်ကြားရေးဦးစီးဌာန ၊ အမှတ်(၃) စက်မှုသင်တန်းကျောင်း (သာဂရ) ၊ သင်တန်းအမှတ်စဉ်(၆)
သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ (၂၀.၁၀.၂၀၁၄) ရက်နေ့ မနက်တွင် အမှတ်(၃) စက်မှု သင်တန်းကျောင်း
(သာဂရ) Auditorium ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည် ။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့
စက်မှုညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသွင်မြင့်မောင် ၊ လူ့စွမ်းအားအရင်းအမြစ်ဌာန
ညွှန်ကြားရေးမှူး ဦးကိုကိုလွင်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ ၊ ကျောင်းအုပ်ကြီး
၊ ဌာနမှူးများနှင့် ဆရာ/မများ ၊ သင်တန်းသား/သူများနှင့် ၄င်းတို့၏ မိဘဆွေမျိုးများ
တက်ရောက်ခဲ့ပါသည် ။
Friday, June 27, 2014
သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီး ၊ ရေတာရှည်မြို့ နယ် ၊ သာဂရစက်မှုနယ်မြေတွင်
ဖွင့်လှစ်ထားသော စက်မှု ၀န်ကြီးဌာန ၊ စက်မှုညွှန်းကြားရေးဦးစီးဌာန ၊ အမှတ်(၃) စက်မှုသင်တန်းကျောင်း(သာဂရ)
၊ သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ် ၊ ဇွန်လ (၂၇) ရက်နေ့
၊ သောကြာနေ့ ၊ မနက် (၀၉:၀၀) နာရီ အချိန်တွင် အဆိုပါ သင်တန်းကျောင်း Auditorium
ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည် ။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးမောင်မြင့် ၊ ဒုတိယ၀န်ကြီး ဦးမျိုးအောင် ၊ စက်မှုညွှန်ကြားရေးဦးစီးဌာန ညွှန်းကြားရေးမှူးချုပ်
ဦးသွင်မြင့်မောင် ၊ ဦးဆောင်ညွှန်းကြားရေးမှူးများ ၊ ညွှန်းကြားရေးမှူးများနှင့် အခြားဖိတ်ကြားထားသူများ ၊ ကျောင်းအုပ်ကြီး ၊ ဆရာ/မများနှင့် သင်တန်းသား/သူများ တက်ရောက်ကြပါသည် ။
ပထမဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ သင်တန်းဆင်းပွဲ
အမှာစကား ပြောကြားပြီး သင်တန်းသားစံပြဆုရ Machinery
သင်တန်းမှ မောင်အောင်နေမျိုး (I.T.C-478) အား ဆုချီးမြင့်ပေးအပ် ခဲ့ပါသည် ။ ဆက်လက်၍
ဒုတိယ၀န်ကြီး ဦးမျိုးအောင်မှ ဘာသာရပ်အလိုက် ထူးချွန်ဆုရ ရှိသူများဖြစ်သည့် Machinery
သင်တန်းမှ မောင်အောင်နေမျိုး (I.T.C-478) ၊ CAD/CAM သင်တန်းမှ မယမင်းမို့မို့
(I.T.C-507) ၊ Electricity သင်တန်းမှ မောင်ပြည့်စုံအောင်
(I.T.C-525) ၊ Electronics သင်တန်းမှ မအိမွန်ဖြိုး
(I.T.C-572)၊ Foundry သင်တန်းမှ မောင်သန့်ဇော်လင်း
(I.T.C-592) တို့အားလည်ကောင်း ၊ စက်မှု ညွှန်းကြားရေးဦးစီးဌာန
ညွှန်းကြားရေးမှူချုပ် ဦးသွင်မြင့်မောင်မှ သင်တန်းတက်ရက် မှန်ဆုရရှိသူ Electronics
သင်တန်းမှ မအိမွန်ဖြိုး (I.T.C-572) တို့အား ဆုများပေးအပ်ချီးမြှင်ခဲ့ပါသည် ။ ထို့နောက်
အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ) ကျောင်းအုပ်ကြီးမှ သင်တန်းဆင်း သင်တန်းသား/သူ
အားလုံး၏ကိုယ်စား သင်တန်းသား ကိုယ်စားလှယ်တစ်ဦးအား သင်တန်းဆင်း အောင်လက်မှတ်များအား
လွှဲပြောင်းပေးအပ်ပြီး သင်တန်း ဆင်းပွဲ အခမ်းအနားကို အောင်မြင်စွှာ ရုတ်သိမ်းလိုက်ပါသည်
။
သင်တန်းဆင်းပွှဲ
အခမ်းအနားအပြီးတွှင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွှဲ့သည် သင်တန်းအမှတ်စဉ် (၅) သင်တန်းသား/သူများ၏ Project
မြား ခင်ကျင်းပြသထားမှုများကို ကြည့်ရှု အားပေးခဲ့ပါသည် ။
အဆိုပါ
သင်တန်းကျောင်း၌ ဘာသာရပ် (၅) ခုအား သင်တန်းကာလ (၁) နှစ်ကြာ သင်ကြားပို့ချခဲ့ပြီး သင်တန်းအမှတ်စဉ်
(၅) ၌ သင်တန်းသား/သူ (၁၄၅) ဦး တက်ရာက် အောင်မြင်ခဲ့ပါသည် ။
Subscribe to:
Comments (Atom)



