စက်မှုသင်တန်းကျောင်း (သာဂရ)
စက်မှုသင်တန်းကျောင်း
(သာဂရ) သည် ရန်ကုန်မြို့ မှ (၃၂၀) ကီလိုမီတာနှင့် နေပြည်တော်မှ (၇၀) ကီလိုမီတာအကွာရှိ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း၊ ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေ သာဂရ - ကိုးပင်မော်တော်ကားလမ်း မိုင်တိုင်အမှတ် ၃ မိုင် ၄ ဖာလုံရှိ လမ်း၏တောင်ဘက် မြေဧရိယာ ၇.၃ ဧက ပေါ်တွင်တည်ဆောက်ထားပါသည် ။
စက်မှုသင်တန်းကျောင်း
(သာဂရ) ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ စက်မှုဝန်ကြီးဌာနနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) တို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် သင်တန်းကျောင်း တည်ထောင်ရေးဆိုင်ရာ Record of Discussion(ROD) ကို (၃၀-၇-၂၀၀၇) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ တည်ဆောက်ရေး အကြိုလုပ်ငန်း များအား ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလတွင်
စတင်ဆောက်ရွက်နိုင်ခဲ့သည် ။
စက်မှုသင်တန်းကျောင်း
(သာဂရ) အုတ်မြစ်စီမင်္ဂလာပွဲ (၁၇-၆-၂၀၀၈) ရက်နေ့တွင် ကျင်းပခဲ့ပါသည် ။
စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒုတိယဗိုလ်မှူးကြီး ခင်မောင်ကျော်မှ အုတ်မြစ်စီမင်္ဂလာအခမ်းအနား တက်ရောက်ပုံ

No comments:
Post a Comment