ပဲခူးတိုင်းဒေသကြီး ၊ ရေတာရှည်မြို့ နယ် ၊ သာဂရစက်မှုနယ်မြေတွင်
ဖွင့်လှစ်ထားသော စက်မှု ၀န်ကြီးဌာန ၊ စက်မှုညွှန်းကြားရေးဦးစီးဌာန ၊ အမှတ်(၃) စက်မှုသင်တန်းကျောင်း(သာဂရ)
၊ သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ် ၊ ဇွန်လ (၂၇) ရက်နေ့
၊ သောကြာနေ့ ၊ မနက် (၀၉:၀၀) နာရီ အချိန်တွင် အဆိုပါ သင်တန်းကျောင်း Auditorium
ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည် ။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးမောင်မြင့် ၊ ဒုတိယ၀န်ကြီး ဦးမျိုးအောင် ၊ စက်မှုညွှန်ကြားရေးဦးစီးဌာန ညွှန်းကြားရေးမှူးချုပ်
ဦးသွင်မြင့်မောင် ၊ ဦးဆောင်ညွှန်းကြားရေးမှူးများ ၊ ညွှန်းကြားရေးမှူးများနှင့် အခြားဖိတ်ကြားထားသူများ ၊ ကျောင်းအုပ်ကြီး ၊ ဆရာ/မများနှင့် သင်တန်းသား/သူများ တက်ရောက်ကြပါသည် ။
ပထမဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ သင်တန်းဆင်းပွဲ
အမှာစကား ပြောကြားပြီး သင်တန်းသားစံပြဆုရ Machinery
သင်တန်းမှ မောင်အောင်နေမျိုး (I.T.C-478) အား ဆုချီးမြင့်ပေးအပ် ခဲ့ပါသည် ။ ဆက်လက်၍
ဒုတိယ၀န်ကြီး ဦးမျိုးအောင်မှ ဘာသာရပ်အလိုက် ထူးချွန်ဆုရ ရှိသူများဖြစ်သည့် Machinery
သင်တန်းမှ မောင်အောင်နေမျိုး (I.T.C-478) ၊ CAD/CAM သင်တန်းမှ မယမင်းမို့မို့
(I.T.C-507) ၊ Electricity သင်တန်းမှ မောင်ပြည့်စုံအောင်
(I.T.C-525) ၊ Electronics သင်တန်းမှ မအိမွန်ဖြိုး
(I.T.C-572)၊ Foundry သင်တန်းမှ မောင်သန့်ဇော်လင်း
(I.T.C-592) တို့အားလည်ကောင်း ၊ စက်မှု ညွှန်းကြားရေးဦးစီးဌာန
ညွှန်းကြားရေးမှူချုပ် ဦးသွင်မြင့်မောင်မှ သင်တန်းတက်ရက် မှန်ဆုရရှိသူ Electronics
သင်တန်းမှ မအိမွန်ဖြိုး (I.T.C-572) တို့အား ဆုများပေးအပ်ချီးမြှင်ခဲ့ပါသည် ။ ထို့နောက်
အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ) ကျောင်းအုပ်ကြီးမှ သင်တန်းဆင်း သင်တန်းသား/သူ
အားလုံး၏ကိုယ်စား သင်တန်းသား ကိုယ်စားလှယ်တစ်ဦးအား သင်တန်းဆင်း အောင်လက်မှတ်များအား
လွှဲပြောင်းပေးအပ်ပြီး သင်တန်း ဆင်းပွဲ အခမ်းအနားကို အောင်မြင်စွှာ ရုတ်သိမ်းလိုက်ပါသည်
။
သင်တန်းဆင်းပွှဲ
အခမ်းအနားအပြီးတွှင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွှဲ့သည် သင်တန်းအမှတ်စဉ် (၅) သင်တန်းသား/သူများ၏ Project
မြား ခင်ကျင်းပြသထားမှုများကို ကြည့်ရှု အားပေးခဲ့ပါသည် ။
အဆိုပါ
သင်တန်းကျောင်း၌ ဘာသာရပ် (၅) ခုအား သင်တန်းကာလ (၁) နှစ်ကြာ သင်ကြားပို့ချခဲ့ပြီး သင်တန်းအမှတ်စဉ်
(၅) ၌ သင်တန်းသား/သူ (၁၄၅) ဦး တက်ရာက် အောင်မြင်ခဲ့ပါသည် ။
ပြည်ထောင်စုဝန်ကြီးမှ သင်တန်းဆင်းပွဲ
အမှာစကား ပြောကြား
စံပြဆုရ သင်တန်းသားအား ဆုချီးမြင့်နေပုံ
ဘာသာရပ်ထူးချွန်ဆုရ သင်တန်းသား/သူများအား ဆုချီးမြင့်နေပုံ
သင်တန်းသား ကိုယ်စားလှယ်တစ်ဦးအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်


.jpg)










.jpg)






.jpg)
.jpg)
.jpg)
No comments:
Post a Comment