၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၃) ရက် စနေနေ့တွင် ကျင်းပပြုလုပ်သည့် အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ) ၊ သင်တန်းအမှတ်စဉ် (၁) မှ (၆) အထိ တက်ရောက်ပညာသင်ကြားခဲ့သော
သင်တန်းသား/သူ များ၏ တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနား အစီအစဉ်များကို
အောက်ဖော်ပြပါအတိုင်း ကျင်းပပြုလုပ်သွားပြီး သင်တန်းအမှတ်စဉ် (၆) ခုမှ
သင်တန်းသား/သူ စုစုပေါင်း (၂၄၉) ဦးကျော် တက်ရောက် ကြပါသည် ။
အစီအစဉ်
(၁) အရ အခမ်းအနား
ဖွင့်လှစ်ကြောင်းကြေငြာခြင်း ။
အစီအစဉ်
(၂) အရ ကျောင်းအုပ်ကြီးမှ
အမှာစကားပြောကြားခြင်း ။
အစီအစဉ်
(၃) အရ ဆရာ/ဆရာမများအား
ကန်တော့ခြင်း ။
အစီအစဉ်
(၄) အရ ဆရာ/ဆရာမများအား
ကန်တော့ လက်ဆောင်ပစ္စည် ပေးအပ်ခြင်း ။
အစီအစဉ် (၅) အရ ဆရာ/ဆရာမများ၏
ကိုယ်စား ဆရာ/ဆရာမတစ်ဦးမှ သြ၀ါဒစကား
ပြောကြားခြင်း ။
အစီအစဉ်
(၆) အရ သင်တန်းအမှတ်စဉ်အလိုက်
သင်တန်းသား/သူများ၏ ကိုယ်စား
သင်တန်းသားကိုယ်စားလှယ်တစ်ဦးစီမှ နှုတ်ခွန်းဆက်စကား
ပြောကြားခြင်း
။
အစီအစဉ်
(၇) အရ သင်တန်းအမှတ်စဉ်အလိုက်
စုပေါင်း ဓါတ်ပုံ ရိုက်ကူးခြင်း ။
အစီအစဉ်
(၈) အရ နေ့လယ်စာဖြင့်
ကျွေးမွေးဧည့်ခံခြင်းနှင့် တတိယအကြိမ် မြောက်
အာစရိယပူဇော်ပွဲ အခမ်းအနား ပထမပိုင်း
အစီအစဉ် ပြီးဆုံးခြင်း ။
အစီအစဉ်
(၉) အရ အခမ်းအနား
ဒုတိယပိုင်းအစီအစဉ် ဆက်လက်ကျင်းပခြင်း ။
အစီအစဉ်
(၁၀) အရ သင်တန်းအမှတ်စဉ်
(၆) သင်တန်းသား/သူများမှ သင်တန်းအလိုက်
တေးသီခြင်း (၁) ပုဒ်စီဖြင့် ဧည့်ခံ ဖျော်ဖြေခြင်း
။
အစီအစဉ်
(၁၁) အရ အမှတ်
(၃) စက်မှုသင်တန်းကျောင်း (သာဂရ) တတိယအကြိမ်မြောက်
အာစရိယ ပူဇော်ပွဲ အခမ်းအနား ကျင်းပခြင်းနှင့် ပတ်သက်၍ ငွေစာရင်း
ရှင်းတမ်း
ဖတ်ကြား တင်ပြခြင်း ။
အစီအစဉ်
(၁၂) အရ အမှတ်
(၃) စက်မှုသင်တန်းကျောင်း (သာဂရ)၏ စတုတ္ထကြိမ် မြောက်
အာစရိယပူဇော်ပွဲ အခမ်းအနားဖြစ်မြောက်ရေး
ဦးဆောင်ကော်တီဝင်များ
ဖွဲ့စည်းခြင်း ၊ အမည်စာရင်းများ ဖတ်ကြားခြင်းနှင့် အခမ်းအနားပြုလုပ်မည့်
အချိန်အား ကြေငြာခြင်း ။


No comments:
Post a Comment