အမှတ် (၃)
စက်မှုသင်တန်းကျောင်း(သာဂရ) ၊ သင်တန်းရေးရာဌာန ၊ Machinery သင်တန်းတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော
ဒေါ်အေးအေးမြင့် (အကြီးတန်းနည်းပြ) သည် ရခိုင်ပြည်နယ် ၊ စစ်တွေ ခရိုင် ၊ စက်မှု ကြီးကြပ်ရေးနှင့်
စစ်ဆေးရေးဦးစီးဌာန ၊ ခရိုင်အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဌာနသို့
ကြီးကြပ်ရေးမှူးရာထူးဖြင့် ပြောင်းရွေ့  တာဝန်ထမ်းဆောင်ရန်အတွက် နှုတ်ဆက်ပွဲ အခမ်းအနားကို
ယနေ့ (၆.၅.၂၀၁၄) ရက်နေ့ ၊ နေ့လယ် (၂) နာရီတွင် အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ)
၊ Seminar ခန်းမ တွင် ကျင်းပခဲ့ပါသည် ။
အမှတ်
(၃) စက်မှုသင်တန်းကျောင်း(သာဂရ) စတင်အကောင်အထည်ဖော်ခဲ့သည့် ၂၀၀၉ ခုနှစ် ၊ ဖေဖေါ်ဝါရီလ
မှစ၍ ယနေ့ (၆.၅.၂၀၁၄) သင်တန်းအမှတ်စဉ် (၅) ပြီးဆုံးခါနီးအချိန်ထိ မိမိ၏တာဝန်ကို ရိုးသား
ကျေပွန်စွာ ထမ်းဆောင်ခဲ့သော ဒေါ်အေးအေးမြင့် (အကြီးတန်းနည်းပြ) သည် ရခိုင်ပြည်နယ် ၊
စစ်တွေခရိုင် ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ၊ ခရိုင်အသေးစားနှင့် အလတ်စားလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေး ဌာနသို့ ကြီးကြပ်ရေးမှူး ရာထူးဖြင့် ပြောင်းရွေ့  တာဝန်ထမ်းဆောင်ခွင့်
ကျခဲ့သည့်အတွက် အမှတ် (၃) စက်မှု သင်တန်းကျောင်း(သာဂရ) ၏ သမိုင်းစဉ်တွင် ပါဝင်ခဲ့သော
ဒေါ်အေးအေးမြင့်၏ အခန်းကဏ္ဍအတွက် မှတ်တမ်း တင် ဂုဏ်ပြုအပ်ပါသည် ။
ဒေါ်အေးအေးမြင့်၏
ပေးအပ်သည့် လုပ်ငန်းတာဝန်များအပေါ် ၊ ရိုးသားကျေပွန်စွာ တာဝန် ထမ်းဆောင် တတ်သည့် စိတ်ဓာတ်ကြောင့်
အမှတ် (၃) စက်မှုသင်တန်းကျောင်း(သာဂရ) တွင် ဆက်လက်၍ တာဝန် ထမ်း ဆောင်စေလိုသော်လည်း ကာယကံရှင်၏
မိမိ၏ဇာတိမြေတွင် ပြောင်းရွေ့  တာဝန်ထမ်းဆောင်လိုသည့် စိတ် ဆန္ဒပြင်းပြမှုကြောင့် အမှတ်
(၃) စက်မှုသင်တန်းကျောင်း(သာဂရ) မှ ပြောင်းရွေ့ ခွင့်ပြုခဲ့ရသည့် အတွက် များစွာ စိတ်မကောင်း
ဖြစ်ရပါသည် ။
ဒေါ်အေးအေးမြင့်အနေဖြင့်
ပတ်ဝန်းကျင်အသစ် ၊ လုပ်ငန်းခွင်အသစ်တွင် စိတ်သစ် ၊ လူသစ် ၊ ခွန်အား သစ်ဖြင့် နိုင်ငံ့တာဝန်ကို
ရိုးသား ကျေပွန်စွာဖြင့် ဆထက်တပိုး ပိုမိုထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်
။


.jpg)
.jpg)
.jpg)
.jpg)
No comments:
Post a Comment