စက်မှုသင်တန်းကျောင်း(သာဂရ)
၊ ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် ၊ သင်တန်းအမှတ်စဉ် (၅) ၏ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို (၁၆.၁.၂၀၁၄) ရက်နေ့
ညနေ (၃) နာရီအချိန်တွင် ကျင်းပပြုလုပ် ခဲ့ပြီး အားကစားအမျိုးအစား (၆) မျိုးဖြင့် အားကစားပြိုင်ပွဲများကို
ကျင်းပပြုလုပ်သွားပါမည် ။
Machinery အားကစားအသင်း
CAD/CAM အားကစားအသင်း
Electricity အားကစားအသင်း
Electronics အားကစားအသင်း
Foundry အားကစားအသင်း
စက်မှုသင်တန်းကျောင်း(သာဂရ)
၊ အားကစားပြိုင်ပွဲတွင် ဖူဆယ်ဘောလုံးပြိုင်ပွဲကို သင်တန်း (၅) ခုမှ အသင်း (၈) သင်းဖြင့်
ယှဉ်ပြိုင် ကစားခဲ့ကြပါသည် ။
ဖူဆယ်ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေကြပုံ
အမျိုးသားဘောလီဘောပြိုင်ပွဲကို
သင်တန်း (၅) ခုမှ အသင်း (၈) သင်းဖြင့် ယှဉ်ပြိုင် ကစားခဲ့ကြပါသည် ။
အမျိုးသားဘောလီဘောပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေကြပုံ
အမျိုးသမီးဘောလီဘောပြိုင်ပွဲကို
သင်တန်း (၄) ခုမှ အသင်း (၄) သင်းဖြင့် ယှဉ်ပြိုင် ကစားခဲ့ကြပါသည် ။
အမျိုးသမီးဘောလီဘောပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေကြပုံ
ပိုက်ကျော်ခြင်း
ပြိုင်ပွဲကို သင်တန်း (၅) ခုမှ အသင်း (၆) သင်းဖြင့် ယှဉ်ပြိုင် ကစားခဲ့ကြပါသည် ။
ပိုက်ကျော်ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေကြပုံ
ကြက်တောင်
(ကျား) နှစ်ယောက်တွဲ ပြိုင်ပွဲတွင် အတွဲ (၁၀) တွဲဖြင့်၎င်း ၊ ကြက်တောင် (မ) နှစ်ယောက်တွဲ
ပြိုင်ပွဲတွင် အတွဲ (၁၀) တွဲတို့ဖြင့် အသီးသီး ယှဉ်ပြိုင် ကစားခဲ့ကြပါသည် ။
ကြက်တောင်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေကြပုံ
စက်မှုသင်တန်းကျောင်း(သာဂရ)
၊ သင်တန်းအမှတ်စဉ် (၅) အားကစားပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ် အဖြစ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယလုပွဲများကို
(၂၄.၁.၂၀၁၄) ရက်နေ့ ညနေ (၃း၀၀) နာရီ အချိန်တွင် စတင်ကျင်းပပြုလုပ်ခဲ့ပါသည် ။
ထို့နောက် အားကစားပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားများ ကို ဆက်လက် ကျင်းပခဲ့ပါသည် ။
အမျိုးသမီးကြက်တောင်ပြိုင်ပွဲတွင်
ပထမဆုကို Electricity မှ၎င်း ၊ ဒုတိယဆုကို Electronics မှ၎င်း ၊ တတိယဆုကို CAD/CAM
မှရရှိခဲ့သည် ။
အမျိုးသမီးဘောလီဘောပြိုင်ပွဲတွင်
ပထမဆုကို CAD/CAM အသင်း က၄င်း ၊ ဒုတိယဆုကို Electronics အသင်း က၄င်း ၊ တတိယဆုကို
Machinery အသင်းတို့ ရရှိခဲ့သည် ။
အမျိုးသားကြက်တောင်ပြိုင်ပွဲတွင်
ပထမဆုကို Electricity မှ၎င်း ၊ ဒုတိယဆုကို Electronics မှ၎င်း ၊ တတိယဆုကို CAD/CAM
မှရရှိခဲ့သည် ။
ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်
ပထမဆုကို Machinery (က) အသင်း က၄င်း ၊ ဒုတိယဆုကို
Machinery (ခ) အသင်း က၄င်း ၊ တတိယဆုကို
Foundry အသင်းတို့ ရရှိခဲ့သည် ။
အမျိုးသားဘောလီဘောပြိုင်ပွဲတွင်
ပထမဆုကို Electronics အသင်း က၄င်း ၊ ဒုတိယဆုကို Foundry အသင်း က၄င်း ၊ တတိယဆုကို Machinery
အသင်းတို့ ရရှိခဲ့သည် ။
ဖူဆယ်ဘောလုံးပြိုင်ပွဲ
ပထမဆုကို Electricity (က) အသင်း က၄င်း ၊ ဒုတိယဆုကို Foundry (က) အသင်း က၄င်း ၊ တတိယဆုကို
Machinery (က) အသင်းတို့ ရရှိခဲ့သည် ။



























































No comments:
Post a Comment