စက်မှုသင်တန်းကျောင်း(သာဂရ)
၊ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ၊ သင်တန်းအမှတ်စဉ် (၅) ၏ ပထမနှစ်ဝက် လက်တွေ့စာမေးပွဲကို (၁၆.၁၂.၂၀၁၃)
မှ (၂၃.၁၂.၂၀၁၃) ရက်နေ့အထိလည်ကောင်း ၊ ပထမနှစ်ဝက် ရေးဖြေစာမေးပွဲကို (၂၄.၁၂.၂၀၁၃) မှ
(၃၁.၁၂.၂၀၁၃) ရက်နေ့အထိလည်ကောင်း အသီးသီး ကျင်းပပြုလုပ်ခဲ့ပါသည် ။
ပထမနှစ်ဝက်စာမေးပွဲ ဖြေဆိုနေစဉ်
အဖြေလွှာများအား စာစစ်ခန်းတွင် စုပေါင်းစစ်ဆေး
အဖြေလွှာများအား စာစစ်ခန်းတွင် စုပေါင်းစစ်ဆေး
ပထမနှစ်ဝက်စာမေးပွဲအဖြေလွှာများအား
စာစစ်ခန်းတွင် စုပေါင်းစစ်ဆေးပြီး သင်ရိုးညွှန်တမ်းရေး ဆွဲရေး ၊ ပြန်လည်သုံးသပ်ရေးနှင့်
သင်တန်းအောင်/ရှုံး ဆုံးဖြတ်ရေး ကော်မတီ၏ ဆုံးဖြတ်ချက်အရ သင်တန်းသား/သူများ၏ အရည်အချင်းများကို ဒုတိယနှစ်ဝက် သင်တန်းပြန်လည်ဖွင့်လှစ်သည့်
(၁၃.၁.၂၀၁၄) ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပါသည် ။ သင်ရိုးညွှန်တမ်းရေးဆွှဲရေး ၊ ပြန်လည် သုံးသပ် ရေးနှင့်
သင်တန်းအောင်/ရှုံး ဆုံးဖြတ်ရေး ကော်မတီ၏ ဆုံးဖြတ်ချက်အရ ဒုတိယနှစ်ဝက်သင်တန်းသို့ ဆက်လက်
တက်ရောက်ရန် အဆင့်မှီသူ (၁၂၇) ဦး (Machinery – (၂၅) ဦး ၊ CAD/CAM – (၂၇) ဦး ၊ Electricity
– (၂၆) ဦး ၊ Electronics – (၂၅) ဦး ၊ Foundry – (၂၄) ဦး) ဒုတိယနှစ်ဝက်သင်တန်းသို့
ဆက်လက်တက်ရောက်ရန် အဆင့်မမှီသူ (၂၀) ဦး (Machinery – (၃) ဦး ၊ CAD/CAM – (၁) ဦး
၊ Electricity – (၅) ဦး ၊ Electronics – (၅) ဦး ၊ Foundry – (၆) ဦး) တို့ ရှိပါသည်
။
စက်မှုသင်တန်းကျောင်း(သာဂရ)
အနေဖြင့် ဒုတိယနှစ်ဝက်သင်တန်းသို့ ဆက်လက်တက်ရောက်ရန် အဆင့်မမှီသူ (၂၀) ဦးအား ၄င်းတို့အားနည်းသည်
ဘာသာရပ်များအား (၁၄.၁.၂၀၁၄) မှ (၁၇.၁.၂၀၁၄) ရက်နေ့အထိ ပြန်လည်၍ လေ့ကျင့် သင်ကြားပေးပြီး
စစ်ဆေးမှုများကို (၂၀.၁.၂၀၁၄) မှ (၂၂.၁.၂၀၁၄) ရက်နေ့အထိ ပြုလုပ်သွားပါမည် ။









No comments:
Post a Comment