အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ) မှ လှိုက်လှဲစွာ ကြိုဆိုပါသည် ။

Tuesday, October 8, 2013

စက်မှုသင်တန်းကျောင်း (သာဂရ) ၏ သမိုင်းစဉ် (၁၆)


          စက်မှုသင်တန်းကျောင်း(သာဂရ) ကို ဖွင့်ပွဲအခမ်းအနားကို (၂၅.၂.၂၀၀၉) ရက်နေ့တွင် အောင်မြင် စွာဖွင့်လှစ်နိုင်ခဲ့ပြီးနောက်  သင်တန်းများ  စတင်ဖွင့်လှစ်နိုင်ရေးအတွက် ကိုရီးယားပညာရှင်များနှင့် လက်တွဲ၍ သင်ရိုးညွှန်တမ်းများရေးဆွဲခြင်း Text Book များ ပြုစုခြင်း ၊ သင်တန်း   ကျောင်းစီမံခန့်ခွဲမှုနှင့် ဘာသာရပ် ဆိုင်ရာပညာရပ်များကို သင်ယူခြင်း စသည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည် ။

         ဤသို့ ဆောင်ရွက်ရာတွင် ကိုးရီးယားပညာရှင် Mr. Kim, Yeong-Wook သည် Project Manager အဖြစ်၎င်း ၊ ကိုးရီးယားပညာရှင် Mr. Kim, Hak- Sik သည် Machinery Expert  အဖြစ်၎င်း ၊ ကိုးရီးယား ပညာရှင် Mr. Kim, Hun-Cho သည် CAD/CAM Expert  အဖြစ်၎င်း ၊ ကိုးရီးယားပညာရှင် Mr. Park, Chal Su သည် Electricity Expert  အဖြစ်၎င်း ၊ ကိုးရီးယားပညာရှင် Mr. Kwon-Hyuk Dae သည် Electronics Expert  အဖြစ်၎င်း မိမိတို့ (၁၆) ဦးအဖွဲ့နှင့်အတူ လက်တွဲ ပူပေါင်းဆောင်ရွက်၍ စက်မှု သင်တန်းကျောင်း(သာဂရ) သင်တန်းများ   စတင်ဖွင့်လှစ်  နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ၊ လေ့ကျင့် သင်ကြားမှုများကို အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြပါသည် ။

 ကိုးရီးယားပညာရှင်များ စက်မှုသင်တန်းကျောင်း(သာဂရ)တွင် တာဝန်ထမ်းဆောင်ခဲ့မှု အခြေအနေ




 
  

 


 
 





သင်ကြားရေးဌာနအလိုက် Model Classwork များ ပြုလုပ်နေပုံ














သင်တန်းဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင်ရေးကာလ အမှတ်တရ



 




ကိုရီးယားဆရာများနှင့် ညစာစားပွဲများ အမှတ်တရ 


        ဤသို့ဖြင့် ကိုရီးယားဆရာများထံမှ ပညာရပ်များကို လေ့လာသင်ယူရင်း သင်တန်းကျောင်း ဖွင့်ပွဲ အခမ်းအနား ကျင်းပပြီး (၅) လအကြာတွင် စက်မှုသင်တန်းကျောင်း(သာဂရ) ၏ သင်တန်းအမှတ်စဉ် (၁) ကို (၁၀.၈.၂၀၀၉) ရက်နေ့တွင် ဆရာ/ဆရာမ အင်းအား (၁၆) ယောက်ဖြင့် စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည် ။ 





No comments:

Post a Comment