စက်မှုသင်တန်းကျောင်း(သာဂရ)
သည် ကိုရီးယားသမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် စက်မှုဝန်ကြီး ဌာနနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(KOICA) တို့ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအားဖြင့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှနေ၍ သင်တန်းကျောင်း အဆောက်အအုံနှင့် ရေ၊ မီးတို့အတွက်
မြန်မာကျပ်ငွေ (၃၃၉၃.၂၆၆) သန်း အကုန်အကျခံတည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံ
၊ KOICA ဘက်မှ သင်ထောက်ကူပစ္စည်းနှင့် ပရိဘောဂများအတွက် အမေရိကန်ဒေါ်လာ (၂.၃) သန်းဖိုး
ထောက်ပံ့ကူညီခဲ့ပါသည် ။
သင်တန်းကျောင်းနှင့် ပတ်သက်သည့် အစည်းအဝေးများ ကျင်းပနေပုံ
မိမိတို့ (၁၆) ဦး အဖွဲ့ ရောက်ရှိလာသည်နှင့် ကိုရီးယားပညာရှင်များ ၊ Installation ဆောင်ရွက်သူ များနှင့် ပူးပေါင်း၍ သင်ထောက်ကူပစ္စည်းများ ၊ ပရိဘောဂများကို စနစ်တကျ လွှဲပြောင်းလက်ခံခြင်း ၊ စက် ၊ ပစ္စည်းများနေရာချခြင်း ၊ တပ်ဆင်ခြင်းများကို သင်ကြားရေးဌာနအလိုက် မိမိတို့တာဝန်ယူရမည့် ကဏ္ဍ အသီးသီး ခွဲခြား၍ ဆောင်ရွက်ခဲ့ကြသည် ။
သင်ထောက်ကူ ပစ္စည်းများ လွှဲပြောင်းလက်ခံ
Installation ပြုလုပ်နေပုံ


No comments:
Post a Comment