အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ) မှ လှိုက်လှဲစွာ ကြိုဆိုပါသည် ။

Sunday, October 6, 2013

စက်မှုသင်တန်းကျောင်း (သာဂရ) ၏ သမိုင်းစဉ် (၁၀)



                 မိမိတို့ (၁၆) ဦး အဖွဲ့သည် (၂၂.၁.၂၀၀၉) ရက်နေ့တွင် အမိနိုင်ငံတို့ ပြန်လည် ရောက်ရှိလာ ခဲ့ကြပြီး မိခင်ဝန်ကြီးဌာနသို့ သတင်းပို့၍ ဌာန၏ ခွင့်ပြုချက်ဖြင့် မိမိတို့၏ နေရပ်အသီးသီးသို့ ခေတ္တပြန်ကြ ပြီး ခွင့်ပြုရက်မကုန်မီတွင် ကိုရီးယားသမ္မတနိုင်ငံမှ ပညာရှင် (၃) ဦး ၊ သင်ထောက်  ကူပစ္စည်းနှင့် ပရိဘောဂ များ ၊ Installation ဆောင်ရွက်မည့်သူများသည် သင်တန်းကျောင်းသို့ ရောက်ရှိလာကြသဖြင့် မိမိတို့အဖွဲ့ သည်လည်း ၂၀၀၉ ခုနှစ် ၊ ဖေဖေါ်ဝါရီလ ပထမအပါတ်တွင် တာဝန်ကြရာ ပဲခူးတိုင်းဒေသကြီး ၊ ရေတာရှည်မြို့နယ် ၊ သာဂရစက်မှုနယ်မြေရှိ စက်မှုသင်တန်းကျောင်း (သာဂရ) တို့ စတင် တာဝန်ထမ်း ဆောင်ရန် ရောက်ရှိလာခဲ့ကြပါသည် ။
 
 Mr. Kim, Hak- Sik ၊ Mr. Kim, Yeong-wook ၊ Mr. Kim, Hun-Cho 


 

 Installation အဖွဲ့ဝင်များနှင့် အတူ


 ဆွေးနွေးပွဲ ကျင်းပနေစဉ်





 သင်တန်းကျောင်းသို့ စတင်ရောက်ရှိစဉ်

No comments:

Post a Comment