အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ) မှ လှိုက်လှဲစွာ ကြိုဆိုပါသည် ။

Sunday, September 29, 2013

စက်မှုသင်တန်းကျောင်း (သာဂရ) ၏ သမိုင်းစဉ် (၄)


                Instructor Course တက်ရောက်ရန် အဖွဲ့ဝင် (၁၆) ဦးပါဝင်သော ပညာသင်အဖွဲ့သည် Jeonbuk Human Resources Development Institute တွင် သင်တန်းကျောင်းစီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်များ ၊ ကွန်ပျုတာအသုံးချမှုဆိုင်ရာပညာရပ်များ ၊ ကိုရီးယားစာပေနှင့် ယဉ်ကျေးမှုများကို (၂၃.၉.၂၀၀၈) မှ (၃၁.၁၀.၂၀၀၈) ရက်နေ့အထိ အတူတကွ သင်ယူခဲ့ကြသည် ။

ကိုရီးယားဘာသာစကား သင်ကြားနေပုံ




သင်တန်းကျောင်းစီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်များ သင်ကြားနေပုံ

 သင်တန်းကျောင်းစီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်များ သင်ကြားနေပုံ


 ကွန်ပျုတာအသုံးချမှုဆိုင်ရာပညာရပ်များ သင်ကြားနေပုံ

ထမင်းစားခန်း

       
              Jeonbuk Human Resources Development Institute တွင် နေထိုင်စဉ်အတွင်း စနေ ၊ တနင်္ဂနွေ ပိတ်ရက်နှင့် အထိမ်းမှတ်ဆိုင်ရာပိတ်ရက်များမှလွဲ၍ တစ်ပတ်လျှင် (၄) ရက်မှာ သက်ဆိုင်ရာ ပညာရပ်များကို သင်ယူရပြီး ကျန် (၁) ရက်မှာ ဒေသန္တရဆိုင်ရာ ဗဟုတုတအတွက် ပြတိုက်များ ၊ ပြခန်းများ ၊ စက်ရုံများ ၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများနှင့် ကိုရီးယား သမ္မတနိုင်ငံ၏ အခြား အထင်ကရနေရာများ သို့ သွားရောက်လေ့လာခွင့် ရရှိခဲ့သည် ။



 Jeonju World Cup Stadium

Mokpo Natural History Museum

Science Museum
Seoul City  

 Nam Dae Mun Market

          (၃၁.၁၀.၂၀၀၈) ရက်နေ့တွင် ပညာသင် (၁၆) ဦးအဖွဲ့သည် စက်မှုသင်တန်းကျောင်း (သာဂရ) တွင် မိမိတို့ တာဝန်ယူရမည့် သင်တန်းဌာနနှင့် သက်ဆိုင်သည့် ပညာရပ်များကို လေ့လာသင်ယူနိုင်ရေး အတွက် မိမိတို့နှင့် သက်ဆိုင်သည့် သင်တန်းကျောင်း အသီးသီးသို့ ပြောင်းရွေ့ ရန် ပြင်ဆင်ခဲ့ကြသည် ။

 Jeonbuk Human Resources Development Institute ရှေ့  အမှတ်တရ

ဤသို့ နေရာပြောင်းရွေ့  ပညာသင်ယူရန်အတွက်  -

ဦးကျော်မင်းထိုက် ဦးဆောင်သော ပညာသင် (၄) ဦး အဖွဲ့သည် Machinery သင်းတန်းနှင့် ပတ်သက်သည့် ပညာရပ်များကို သင်ယူနိုင်ရန်အတွက် Chungnam Human Resources Development Institute သို့ ၄င်း ၊

ဒေါ်ခင်သီတာ ဦးဆောင်သော ပညာသင် (၄) ဦး အဖွဲ့သည် CAD/CAM သင်းတန်းနှင့် ပတ်သက်  သည့် ပညာရပ်များကို သင်ယူနိုင်ရန်အတွက် Jeonbuk Human Resources Development Institute ၌ ၄င်း ၊

ဦးမျိုးသန်း ဦးဆောင်သော ပညာသင် (၄) ဦး အဖွဲ့သည် Electricity သင်းတန်းနှင့် ပတ်သက်သည့် ပညာ ရပ်များကို သင်ယူနိုင်ရန်အတွက် Gwangju Human Resources Development Institute သို့ ၄င်း ၊

ဦးရဲထွဋ်ဇော် ဦးဆောင်သော ပညာသင် (၄) ဦး အဖွဲ့သည် Electronics သင်းတန်းနှင့် ပတ်သက်သည့် ပညာရပ်များကို သင်ယူနိုင်ရန်အတွက် Chung – Buk Human Resources Development Institute သို့ ၄င်း အသီးသီး အဖွဲ့ခွဲ၍ မိမိတို့ ဆက်လက်ပညာသင်ယူရမည့် သင်တန်းကျောင်းများသို့ (၃၁.၁၀.၂၀၀၈) ရက်နေ့မှစ၍ Jeonbuk Human Resources Development Institute မှနေ၍ ပြောင်းရွေ့ ခဲ့ကြသည် ။







No comments:

Post a Comment